အွန်လိုင်းမဲဆွယ်လှုပ်ရှားမှု (Online Campaigning)

[17:55 September 12, 2020] Hpa-An

၁။ (က) အင်္ဂလိပ်လိုက “outside the legally authorized period” လို့သုံးပြီး မြန်မာလိုကျတော့ “ခွင့်ပြုထားသောကာလကိုကျော်လွန်၍” ဆိုပြီးဘာလို့သုံးထားတာလဲ?
(ခ) ခွင့်ပြုထားသောကာလမတိုင်ခင်က အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုတွေက ဤကျင့်ဝတ်နှင့် ကင်းလွတ်တယ် ဆိုပြီးပြောချင်တာလား?
(ဂ) မဲပေးတဲ့နေ့မတိုင်ခင် မဲဆွယ်စည်းရုံးရေး ပိုစတာတွေကို ပြန်ဖြုတ်ရမယ်ဆိုရင်၊ အွန်လိုင်းပေါ်က ပိုစ့်တွေကိုရောပြန်ဖျက်ဖို့မလိုဘူးလား? မဲဆွယ်လှုပ်ရှားမှုအတွက်သုံးထားတဲ့ အကောင့်တွေကိုလည်းပြန်ပိတ်ရမှာလား? Facebook page တွေကိုရော unpublish လုပ်ရမှာလား?

၂။ အွန်လိုင်းမဲဆွယ်လှုပ်ရှားမှု (Online Campaigning) ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုမျိုး တိကျတဲ့အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ? ပေါ်ပေါ်ထင်ထင် Facebook စာမျက်နှာထောင်၊ စာတွေတင်၊ ဗီဒီယိုတွေတင်၊ live တွေလွှင့် တာတွေကစပြီး၊ မသိမသာ Microtarget လုပ်တဲ့ တိတိကျကျ အရေးယူလို့မရနိုင်လောက်တဲ့ နိုင်ငံရေအသားပေး ဟာသတွေ (political memes) အထိပါထည့်ပြီးစဥ်းစားထားကြသလား?

၃။ နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းတွေက ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်နှင့်ဥပဒေတွေကို တကယ်လက်တွေ့မှာရော စေ့စေ့စပ်စပ်တိတိကျကျ လေးစားလိုက်နာကြပါသလား?

၄။ ဒီကျင့်ဝတ်စည်းကမ်းချက်ကို စေ့စေ့စပ်စပ်တိတိကျကျ လေးစားလိုက်နာခဲ့ကြသော/လိုက်နာကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်ရော၊ (မလေးစားမလိုက်နာခဲ့ကြသော/မလိုက်နာကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်ရော) ရွေးကောက်ပွဲရလာဒ်နှင့်ပတ်သက်ပြီး မည်သို့သောထိခိုက်နှစ်နာမှုများရှိနိုင်ပါသလဲ? ပြည်သူတွေအနေနဲ့ရော မည်သို့သောထိခိုက်နှစ်နာမှုတွေရှိလာနိုင်ပါသလဲ?

၅။ (က) နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းတွေကို အခကြေးငွေဖြင့်(သို့မဟုတ်)အခကြေးငွေမယူပဲ ဝန်ဆောင်မှုပေးနေတဲ့ ပြင်တွင်းရှိ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ Marketing Agency တွေ၊ NGO တွေ၊ နိုင်ငံရေးပွဲစားလုပ်နေသူ အတွက်ရော လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်နှင့်ဥပဒေတွေကိုရော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကဘယ်လိုမျိုးဥပဒေပြဋ္ဌာန်းချက်တွေထုတ်ထားပါသလဲ?
(ခ) အဲဒီအဖွဲ့အစည်းတွေကနေ ဝန်ဆောင်မှုရယူတာနဲ့ပတ်သက်ပြီ နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကရော ပွင့်လင်းမြင်သာမှုဘယ်လောက်ထိရှိကြပါသလဲ?
(ဂ) လက်ရှိမှာရော ဝင်ရောက်စွက်ဖက်လုပ်ကိုင်နေကြတဲ့ တရားဝင်ရော၊ တရားမဝင်ရောပြည်ပအဖွဲ့အစည်းတွေ ဘယ်လောက်ထိရှိနေပြီလဲ?

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်. စာမျက်နှာ ၂၄၊ အခန်း ၃၊ အခန်းခွဲ ၃.၄၊ အပိုဒ်ခွဲ (င)
(င) ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားခြင်းအတွက် တရားဝင် ခွင့်ပြုထားသောကာလကိုကျော်လွန်၍အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှောင်ရှားရန်၊

REPUBLIC OF THE UNION OF MYANMAR CODE OF CONDUCT FOR POLITICAL PARTIES AND CANDIDATES
Page 24, Chapter 3, Section 3.4 (e)
(e) Refrain from engaging in online campaigning outside the legally authorized period for the election campaign; and

REPUBLIC OF THE UNION OF MYANMAR, CODE OF CONDUCT FOR POLITICAL PARTIES AND CANDIDATES 2015, c.3. Available at: www.uec.gov.mm (Accessed: 12 September 2020).

Facebook post from Aee Koe: 2

NOTE: [1]

Written on September 12, 2020