Economics

[September 18, 2022] ထိက်တင်ဓံင့်၊ ဖၠုံထီ့ခါန်ႋ
Updated [October 5, 2022] ထ်ုအင်၊ ဖၠုံထီ့ခါန်ႋ

အဂ္ဂဗျူဟာ (Grand Strategy)

နိုင်ငံအသီးသီးတွင် Grand Strategy ခေါ် အဂ္ဂဗျူဟာတစ်ခု ရှိကြစမြဲ ဖြစ်သည်ဟု အဆိုရှိသည်။ သို့သော် နိုင်ငံတိုင်းတွင် ထို Grand Strategy ရှိကြသည် မဟုတ်ပါ။ နိုင်ငံတစ်ခု၏ Grand Strategy ဆိုသည်မှာ အဆိုပါနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့သော နိုင်ငံအဖြစ် ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန်ပေါ်တွင် အခြေခံသောကြောင့် သက်ဆိုင်ရာနိုင်ငံ၏ DNA ထဲတွင် ပါရှိလာသောအရာ ဖြစ်သည်ဟု ကမ္ဘာကျော်ပညာရှင်တစ်ဦးက ရေးသားခဲ့သည်။

သက်ဆိုင်ရာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန် ပြဋ္ဌာန်းချက်ပေါ်တွင် အခြေခံသောကြောင့် နိုင်ငံတစ်ခု၏ Grand Straegy ဆိုသည်မှာ ထိုနိုင်ငံတစ်ခုထဲကို ကွက်၍ စဉ်းစားထားခြင်း မဟုတ်ဘဲ ကမ္ဘာကြီးနှင့်ချိတ်၍ စဉ်းစားထားသည်ဟုလည်း သဘောပေါက်နိုင်သည်။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ပထဝီနိုင်ငံရေး (Geopolitics) ၊ AFTA ကဲ့သို့ ဒေသတွင်း ချိတ်ဆက်ထားသော စီးပွားရေး (Regionalization) ၊ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော လှိုင်းများနှင့် ချိတ်ဆက်မှုများ (Global Trend and Integration) စသည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာသည်ကို တွေ့မြင်နိုင်သည်။ ခြုံငုံ၍ပြောရလျှင် တစ်နိုင်ငံတည်းသဘောကို ကျော်၍ အပြင်ကို ကြည့်သော Outwards Looking သဘော ပါရှိရသည်ဟု ဆိုလိုပေသည်။

ထိုသဘောတရား၏ ဆန့်ကျင်ဘက်မှာ အတွင်းသို့ ပြန်ကြည့်သည့် သဘောတရားဖြစ်သည်။ Inward Looking ဟု သုံးနှုန်းပါသည်။ Inward Looking သဘောကိုသာ ကျင့်သုံးသောနိုင်ငံများသည် ပြည်တွင်းရေးကိုသာ အဓိကထားသောကြောင့် အဆုံးတွင် သွင်းကုန်အစားထိုးရေး၊ ရိက္ခာဖူလုံရေးစသည့် Self Suffiency သဘောကို ရောက်ရှိသွားတတ်သည်ကို တွေ့ရသည်။ ဒေသတွင်း ချိတ်ဆက်ထားသော နယ်ခြားမဲ့ ကူးသန်းရောင်းဝယ်ရေးများ (ဥပမာ-AFTA) လက်မှတ်ရေးထိုးထားသော နိုင်ငံများတွင် ‘ရောင်းစရာ’ ပို့ကုန်မြှင့်တင်ရေးကို မလုပ်ခဲ့လျှင် ‘အရောင်းခံရမည်’ မှာ သေချာနေပေသည်။

အဓိကပြောလိုသောအချက်မှာ နိုင်ငံတစ်ခုသည် စိတ်ပိုင်းဘဝအတွက် (ဥပမာ-အမျိုးသားရေး) အတွင်းကိုကြည့်သည့်သဘောကို ကျင့်သုံးရန် လိုပြီး ရုပ်ပိုင်းဘဝ (ဥပမာ- Development) အတွက် အပြင်ကိုကြည့်ရန် လိုအပ်သည်ဆိုသော သဘောတရား ဖြစ်သည်။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်နှင့် တတိယ မြန်မာနိုင်ငံတော်များကို ထူထောင်ခဲ့သူများတွင် Grand Strategy ရှိသည်ကို မြင်နိုင်သည်။ (အဂ္ဂဗျူဟာ, 2021)1

Inclusive and Extractive Economic Institutions

Daron Acemoglu and James A Robinson, economists and authors of Why Nations Fail, define inclusive economic institutions as the following:

Inclusive economic institutions are those that allow and encourage participation by the great mass of people in economic activities that make best use of their talents and skills and that enable individuals to make the choices they wish. To be inclusive, economic institutions must feature secure private property, an unbiased system of law, and a provision of public services that provides a level playing field in which people can exchange and contract2.

Inclusive economic institutions are supported by inclusive political institutions, while extractive economic institutions “are designed to extract incomes and wealth from one subset of society to benefit a different subset.3” Extractive leaders exploit their citizens for their own personal monetary gain, while inclusive leaders want to help their peoples. (Bieniarz, 2014)4

Inward and Outward-Looking Countries

Some countries seek to promote economic development through the expansion of foreign trade and by maintaining an open door policy towards private trade and by maintaining an open door policy towards private foreign investment, foreign aid and immigration. Other countries seek to promote economic development through domestic industrialisation and import substitution and regard ‘economic planning’ as a protective shell to insulate their economies from what they regard as undesirable and disturbing external influences. (Myint, 1984)5

U Hla Myint was a Burmese economist noted as one of the pioneers of development economics as well as for his contributions to welfare economics. He stressed, long before it became popular, the importance of export-orientation as the most useful “engine of growth”.

Books by U Hla Myint

  1. The Economics of the Developing Countries
  2. Theories of Welfare Economics

Economic liberalization in Myanmar

The economic liberalization of Myanmar refers to the policy of liberalization orienting Myanma laws toward an open market economy. This process was initiated following the coup d’état of the Burmese junta in 1988 in order to transform the underperforming Burmese economy.

မြန်မာဖွံ့ဖြိုးရေး အရင်းအမြစ်အဖွဲ့ MDRI တည်ထောင်ရန် သမ္မတအကြံပေးပညာရှင်ပြောကြား (၂၆ မေ ၊ ၂၀၁၁)6

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တက်ရောက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံးနှင့် အကြီးဆုံးအလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာဦးမြင့်က “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလမ်းပြစာတမ်း”ကို ဖတ်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး ဆောင်ရွက်ရာ၌ အချက်လေးချက်ကို အဓိကထားဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ပထမဆုံးအချက်မှာ တိုင်းပြည်၏ စီးပွားရေးအခြေအနေမှာ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သိရှိရန်၊ လုပ်ရန်နှင့် ဒုတိယအချက်မှာ မိမိတို့သွားမည့် ပန်းတိုင်အတွက်လုပ်ကိုင်ဆောင်ရွက်ရန် မဟာဗျူဟာချမှတ်ရန်ဖြစ်သည်။ တတိယအချက်မှာ ခရီးမည်မျှရောက်နေကြပြီဖြစ်ကြောင်း သုံးသပ်ရန်နှင့် နောက်ဆုံးအချက်မှာ လက်တွေ့အကောင်အထည်ဖော်ရန်ဖြစ်သည်။ (စာမျက်နှာ၊ ၃၀)

U Myint is a Burmese economist and served as the Chief Presidential Adviser to Thein Sein, the former President of Burma, and led his Economic Advisory Unit.

Myanmar Kyat Exchange Rate Issue

  1. On the demand side, let us say for dollars, there are three types of demand. First, there is transaction demand – where dollars are required for transactions, that is to buy and sell in the market. Second, there is precautionary demand – to have dollars in store for security and to meet unexpected events and emergencies. Third, there is speculative demand – to use dollars to speculate in foreign exchange, commodity, real estate, stock and financial markets.
  2. On supply side, in the case of Myanmar large foreign exchange inflows have come from sale of natural gas, jade and gem auctions, and upsurge of direct foreign investment especially in the energy sector and the associated special economic zone projects. Aside from these, there is also a growing feeling that a lot of private capital is flowing into Myanmar from neighbouring countries and from financial centers of the Middle East. These are to take advantage of high interest rates and to buy up real estate and other economic assets in anticipation of an opening up of business and reintegration of the Myanmar into the regional economy. Rapid privatization of recent years is believed to be another contributing factor. Wealthy Myanmar nationals are alleged to have brought dollars into the country and converted them into kyats to buy lucrative state assets put up for sale under the privatization programme. Information is difficult to obtain on these types of private investment and financial dealings for any country and lack of information has contributed to an atmosphere of uncertainty, which in turn encourages speculative activity. Given these circumstances, listed below are some recommendations that may be considered to address the immediate concerns of the kyat exchange rate appreciation. (U. Myint, 2011)7

မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား (၁၈ မေ ၊ ၂၀၁၂)8

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က တိုင်းပြည်ရဲ့ စီးပွားရေး ကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကြိုးကိုင် ချယ်လှယ်ထားသူ ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်လို့ သူတို့ကို စနစ်တကျ လက်တွဲခေါ်ယူဖို့ လိုတယ်လို့ ပြောကြား လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိအစိုးရ၏ ကျန်ရှိသက်တမ်းအတွင်း လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာနည်းနေပြီး နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေး ကုစားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ဆောင်ပေးဖို့ စဉ်းစားရန် အချက်လေးချက် ဒေါက်တာဦးမြင့် အကြံပြုတင်ပြ (10 December, 2017)9

  1. ပထမ အချက်အဖြစ် စီးပွားရေးကဏ္ဍကို ငြိမ်းချမ်းရေး တည်ဆောက်မှု နှင့် အတူ ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန်
  2. ဒုတိယ အချက်အနေဖြင့် အဓိကအရေးပါသည့် သက်ဆိုင်သူအားလုံးက ထောက်ခံနိုင်သည့် စီးပွားရေး မဟာဗျုဟာတစ်ခု ရေးဆွဲပေးရန်ဖြစ်ပြီး မဟာဗျုဟာအကြမ်းကို ရေးဆွဲပြုစုကာ လွှတ်တော်ထံသို့ တရားဝင် အထောက်အထားအဖြစ် အတည်ပြုပေးနိုင်ရန်
  3. တတိယ အချက်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စီးပွားရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့်များရှိ စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စများနှင့် ဗဟိုဘဏ်အဆင့် ငွေရေးကြေးရေးကိစ္စများ အဓိကလုပ်ဆောင်နေသူများနှင့် မကြာခဏ အနှစ်သာရရှိရှိ အမြင်ဖလှယ်မှုပြုလုပ်ပေးသင့်ကြောင်းနှင့် အဆိုပါ ပုဂ္ဂိုလ်များကို လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း ပြောနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အားပေးရန်
  4. စတုတ္ထအချက်အနေဖြင့် လက်ရှိရရှိထားသည့် ရွေးကောက်ခံအစိုးရမှာ လက်ရှိအခြေအနေမှ ရှေ့ဆက်လှမ်းတက်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေပြီး အဆိုပါအခွင့်အလမ်းကောင်းကို အသုံးချနိုင်ရန် စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး နှင့် အခြားအရေးပါသည့် ကဏ္ဍများတွင် ကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေထူပြီးသူ အများအပြားရှိနေကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များဖြင့်တွေ့ဆုံကာ ၎င်းတို့တင်ပြသည်များကို နားထောင်ခြင်း၊ ၎င်းတို့၏ အခက်အခဲများကို မှတ်သားခြင်းနှင့် ၎င်းတို့၏ အကြံပြုချက်များကို စဉ်းစားရာတွင် ဆန္ဒမစောစေအောင် ထိန်းပေးရန်

The Wealth Effect is a behavioral economic theory suggesting that people spend more as the value of their assets rise. 10

For example countries with well-developed financial sector and well-functioning money markets like the U.S., Germany and Japan pursue monetary policies which place more reliance in employing open market operations and changing of interest rates, whereas in countries where the financial sectors has not been well developed like in Myanmar, more reliance is placed in changing the reserve requirements of commercial banks. (Zaw, 2020)11

Glossary (ပညာကျော် - ကုန်သွယ်စီးပွားအဘိဓာန်)

  1. macroeconomics (n) ကျယ်ပြန့်သော အမြင်ဖြင့် စီးပွားရေးဆိုင်ရာ လေ့လာမှု။ အကျယ်ကြည့် စီးပွားရေးပညာ။ မက်ခရို ဘောဂဗေဒ။

  2. microeconomics (n) အသေးစိတ်လေ့လာကြည့်သော စီးပွားရေးပညာ။ အခြေခံစီးပွားရေးယူနစ်များ၏ ပြုမူဆောင်ရွက်ပုံကို လေ့လာသည့်ဘောဂဗေဒပညာရပ်။ မိုက်ခရို ဘောဂဗေဒ။

  3. consumer price index (n) စားသုံးကုန်စျေးနှုန်း အညွှန်း။

Bibliography

Acemoglu, Daron. Robinson, James A. Why Nations Fail (New York: Crown Publishing Group, 2012): 74-366.

Footnotes:

  1. အဂ္ဂဗျူဟာ. (2021, October 5). Retrieved October 9, 2022, from https://w.wiki/5sAz 

  2. Daron Acemoglu, James A. Robinson, Why Nations Fail (New York: Crown Publishing Group, 2012): 74-75. 

  3. Acemoglu, Why Nations Fail, 76. 

  4. Bieniarz, N. (2014). The impact of inclusive and extractive institutions on Poland’s economy and quality of life before and after world war two: A virtuous and vicious journey through historical and personal evidence [Bachelor of Science Report]. Worcester Polytechnic Institute. Retrieved from https://digital.wpi.edu/downloads/1831cm35r 

  5. Myint, H. (1984, August). Inward and Outward-Looking Countries Revisited: The Case of Indonesia. Bulletin of Indonesian Economic Studies, 20(2), 39–52. https://doi.org/10.1080/00074918412331334602 

  6. 7 Day News. (2011, May 26). https://digital.lib.washington.edu/researchworks/bitstream/handle/1773/39604/10-10_20110526.pdf 

  7. U. Myint. (2011, August 19). Myanmar Kyat Exchange Rate Issue. In Online Burma/Myanmar Library. National Workshop on Reforms for Economic Development of Myanmar Myanmar International Convention Centre. Retrieved October 9, 2022, from https://www.burmalibrary.org/docs12/NWR2011-08-Myanmar_Kyat_Exchange_Rate_Issue-Myint(en).pdf 

  8. BBC News. (2012, May 18). Retrieved from https://www.bbc.com/burmese/burma/2012/05/120518_burmese_crony 

  9. Eleven Media Group. (2017, Dec 10). Retrieved from https://news-eleven.com/headline/25119 

  10. Investopedia. (2021, Jan 27). Retrieved from https://www.investopedia.com/terms/w/wealtheffect.asp 

  11. Zaw, T. (2020, September). Evolution of Money and Banking in Myanmar (1st Edition). Tun Foundation Literary Committee (00962). https://www.goodreads.com/book/show/58442934-evolution-of-money-and-banking-in-myanmar 

Written on September 18, 2022